top of page

ဘာလို့ သွားကိုက်နေရတာလဲ ?

Updated: Jun 26, 2023


သွားကိုက်တယ်ဆိုတာဟာ ပြောတော့သာ လွယ်နေပေမယ့် တကယ်ခံစားရသူအဖို့တော့ တော်တော်ခက်ခဲစေတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။
ဘာလို့ သွားကိုက်နေရတာလဲ

သွားကိုက် ဝေဒနာဖြစ်လာရတဲ့ အကြောင်းရင်းကတော့ လူတိုင်း နေ့စဉ် စားသုံးနေတဲ့ သကြားနှင့် ကစီဓါတ်ပါတဲ့ အစားအစာတွေ ကနေ တဆင့် သွားတွေမှာ ဘက်တီးရီးယားတွေ ကပ်တွယ်ပြီး တဖြည်းဖြည်းနှင့် ပြန်ပေါက်ဖွားလာတာကြောင့် ဖြစ်ပါတယ်။ ဒီလို ပေါက်ဖွားလာတဲ့ ဘက်တီးရီးယားဟာ သွားကို ပိုးပေါက်တွေဖြစ်လာအောင်ပြုလုပ်တတ်ကြပြီး ဒီကနေတစ်ဆင့် သွားအခေါင်းပေါက်ဖြစ်ခြင်း ၊ သွားပိုးစားခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေပါတယ်။


သွားကိုက်တယ်ဆိုတာကလဲ လူကြီး၊ လူငယ်မရွေး ဖြစ်နိုင်တာမို့လို့ အရွယ်မရွေး အကုန်လုံးအနေနဲ့ အနည်းနဲ့အများ ခံစားဖူးကြမှာပါ။ ဒီလိုဆိုရင် သွားကိုက် ဝေဒနာမဖြစ်အောင် အတတ်နိုင်ဆုံး ဘယ်လို ကာကွယ်ကြမလဲ ?

အစာစားချိန်တွင် သွားပိုကိုက်ခြင်း၊ သွားကိုက်ရာမှ ခေါင်းပါကိုက်လာခြင်း၊ သွားမှ အရည်ပုပ်များထွက်လာခြင်း,
လူအများစု ကြုံနေရတဲ့ သွားကိုက်ခြင်း လက္ခဏာများ

လူအများဆုံးကြုံနေရတဲ့ သွားကိုက် ရခြင်းလက္ခဏာတွေကတော့ ❗️


⚫️သွား ၊ သွားဖုံး နှင့် ပါး အနီးတ၀ိုက် ရောင်နေခြင်း

⚫️အစာစားချိန်တွင် သွားပိုကိုက်ခြင်း

⚫️တဆစ်ဆစ် ကိုက်နေပြီး ခေါင်းကိုက် ၊ ဖျားနာလာခြင်း

⚫️သွားဖုံးက ပျော့အိအိဖြစ်နေပြီး ရောင်နေခြင်း

⚫️ကိုက်နေတဲ့ သွားမှအရည်အပုပ်များ ထွက်လာပြီး ကိုက်နေခြင်း စတဲ့ လက္ခဏာများ ခံစားရနိုင်ပါတယ်။

သွားကြားထဲ စားကြွင်းစားကျန်များညှပ်နေခြင်း၊ အံဆုံးပေါက်လာခြင်း၊ သွားပိုးဝင်ခြင်း တို့ဖြစ်ပါတယ်။
ဘယ်လိုအကြောင်းအရာတွေက သွားပိုကိုက်စေတာလဲ ?

ဒါဆိုရင် ဘယ်လိုအကြောင်းအရာတွေက သွားပိုကိုက်စေတာလဲ ?


⚫️သွားထပ်နေတဲ့အခါ သွားကြားထဲမှာ စားကြွင်းစားကျန်များ ညှပ်နေခြင်း

⚫️သွားကို ထိခိုက်မိခြင်း

⚫️အံဆုံးပေါက်ခြင်း ၊ သွားအသစ်ပေါက်လာခြင်း

⚫️သွားဖုံးထဲကို သွားကျွံ၀င်နေခြင်း

⚫️သွားကျိုး ၊ သွားပဲ့ ခြင်း

⚫️သွားပိုး ဝင်ခြင်း နှင့် သွားပြည်တည်ခြင်း စတဲ့ အကြောင်းအရာတွေကြောင့်လဲ သွားပိုကိုက်စေနိုင်ပါတယ်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်း၊ သွားပွတ်ကြိုးသုံးပေးခြင်း၊ ချိုသော အစားအစာများကို ရှောင်ကျဥ်ခြင်း တို့ဖြစ်ပါတယ်။
သွားကိုက်ဝေဒနာကို ဘယ်လို ကာကွယ်နိုင်လဲ ?

သွားကိုက် ဝေဒနာကို အတတ်နိုင်ဆုံး ဘယ်လိုကာကွယ်နိုင်လဲ❗️


⚫️အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်း

⚫️သွားပွတ်ကြိုး သုံးပေးခြင်း

⚫️ချိုသော အစားစာများကို အတန်နိုင်ဆုံးရှောင်ကျဉ်ခြင်း

⚫️တနေ့နှစ်ကြိမ် သွားတိုက်ပေးခြင်း

⚫️သွားသန့်ဆေးရည် သုံးပေးခြင်း တို့ လုပ်ခြင်းဖြင့် အတန်နိုင်ဆုံးကာကွယ်နိုင်ပါတယ်။


အပေါ်မှာပြောထားတာတွေ လုပ်ပေမယ့် မသက်သာသေးဘူးဆိုရင်တော့ လူကြီးမင်းတို့အနေနဲ့ အတတ်နိုင်ဆုံး သွားဆေးခန်းမှာ ဆရာဝန် နှင့် သွားရောက်ပြသ သင့်ပါတယ်။


🦷️ဆရာဝန်အနေနဲ့ လူနာရဲ့ ကိုက်နေတဲ့ သွားတွေကို အရင်ဆုံး စမ်းသပ်ပေးမှာဖြစ်သလို မျက်လုံးနဲ့ မမြင်နိုင်တဲ့ သွားရဲ့ အတွင်းပိုင်းတွေကို CBCT ရိုက်ပြီး လူနာရဲ့ လက်ရှိဖြစ်နေတဲ့ ဝေဒနာကို ဘယ်လိုနည်းနဲ့ အမှန်ကန်ဆုံး ကုသပေးရမလဲ ဆိုတာ အဖြေထုတ်ပြီး အမြန်ဆုံးကုသပေးမှာဖြစ်ပါတယ်။


🦷️သွားကိုက်တယ်ဆိုတာကလဲ သွားပိုးတွေကြောင့် အကြောကိုထိသွားပြီး သွားအကြောထုတ်ကုသဖို့လိုတာ၊ သွားပိုးပေါက်လေးကိုပဲ ဖာထေးတာ၊ သွားနှုတ်စရာလိုတာ၊ အံဆုံးထွက်လာတာမို့လို့ အံသွားကို လာထိနေပြီး ကိုက်နေတာတို့ ဖြစ်တတ်ပါတယ်။


ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ သွားကိုက်နေခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံး ပြသပြီး ကုသမှုခံယူလိုက်တာက အကောင်းဆုံးဖြစ်သလို

မဖြစ်ခင်မှာလဲ ၆လ တစ်ကြိမ် Dental Check-up လုပ်ပြီး ကြိုတင်ကာကွယ်ထားတာမျိုးလုပ်သင့်ပါတယ်။

သွားနှင့် ခံတွင်း ဝေဒနာများအတွက် ကုသဆွေးနွေးလိုပါက Jasmine Dental Center ရဲ့ 📞 ဖုန်းနံပါတ် -

09 970 000966

09 978 777777 တို့ကို ဆက်သွယ်လို့ ရသလို


📍 လိပ်စာ -

1. အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ (Hoya Hotel) နှင့်

2. အမှတ် (37), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ (Time City) တို့မှာ လာရောက် ကုသဆွေးနွေးလို့ရပါတယ် ရှင့်။ #JasmineDentalCenter #bestdentalclinicinyangon #toothache #toothachetreatment #teethpain #dentalclinicnearme #သွားဆေးခန်း #သွားကိုက်ပျောက်နည်း #သွားပိုးစား

 
 
 

Comments


Location

Address

Hlaing Branch
218(The Century Building), Yangon - Insein Road, Near Than St Bus stop Hlaing Township ,Yangon

Time City Branch
No.(407) 37/Quarter, Between Hantharwaddy and Kyun Road, Kamayut Township, Yangon

Opening Hours

Opening everyday, 8:00 - 19:00

Contact

  • alt.text.label.Facebook
  • Instagram

09-978777777, 09-970 000 966

©2022 by Jasmine Dental Center

bottom of page