top of page

သွားညှိကုသမှု မပြုလုပ်ခင် ဘာတွေသိထားသင့်လဲ


A girl with braces explain the procedure of orthodontics treatment.
What should we know before getting orthodontics treatment?

𝟏.ပထမဦးဆုံးအနေနဲ့ကတော့ Braces တပ်မယ်ဆိုတာနဲ့ စိတ်ရှည်ရပါမယ်။

(သွားအခြေအနေပေါ်မူတည်လို့ ကြာချိန်က တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါဘူး)


𝟐.သွားထိန်းညှိကိရိယာ တပ်ထားချိန်အတွင်း ပြောင်းလဲလာနိုင်တဲ့ ကိုယ့်ရဲ့ ရုပ်ရည်အပေါ်မှာလဲ လက်ခံပေးနိုင်ရပါမယ်။

(သွားတွေရွေ့လျားနေတဲ့အတွက် မေးရိုးပြောင်းလဲတက်လို့ ရုပ်ရည် အနည်းငယ်ပြောင်းလဲတက်ပြီး ကုသမှုအပြီးမှာ ညီညာလှပတဲ့သွားလေးတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် )


𝟑.သွားညှိကိရိယာ တပ်နေချိန်အတွင်းမှာ သွားနှင့်ခံတွင်းကို အရင်ကထပ် ၂ဆ သေချာသန့်ရှင်းရေး လုပ်နိုင်ရပါမယ်။

(အစာစားပြီးတိုင်း Braces အတုံးလေးတွေကြားမှာ စားကြွင်းစားကျန်များ ဝင်နေနိုင်တာဖြစ်လို့ ဆရာဝန်ညွန့်ကြားမှုအတိုင်း သွားပွတ်ကြိုးသုံးခြင်း ၊ အာလုပ်ကျင်းပေးခြင်းများ ပြုလုပ်သင့်ပါတယ်)


𝟒.အစားအသောက် ရှောင်ပေးရပါမယ်။

(စေးကပ်သောအစားစာများ ၊ အချိုများ ၊ အရမ်းမာသောအစားစာများကို အတက်နိုင်ဆုံး ရှောင်ပေးရမှာဖြစ်ပါတယ်)


𝟓.ကုသမှုမပြုလုပ်ခင်မှာလဲ ကိုယ်နဲ့ သင့်တော်တဲ့ သွားညှိကိရိယာကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးဖို့လဲ လိုအပ်ပါတယ်။

Metal Braces, Self-ligating Braces, Ceramic Braces
3 types of braces

သွားထိန်းညှိကိရိယာဖြင့် သွားညှိကုသခြင်းနည်းလမ်းထဲကမှ လူသုံးများတဲ့ သွားထိန်းညှိကိရိယာ (Braces) တွေကတော့ - - Metal braces

- Self-ligating braces

- Ceramic braces စတဲ့ Braces အမျိုးအစားတွေဖြစ်ပါတယ်။


‘ Metal braces “ Traditional Braces (သို့မဟုတ်) Metal braces အမျိုးအစားကတော့ သွားညှိကုသခြင်းတွင် အရင်ဆုံးထွက်ပေါ်လာတဲ့ Brace အမျိုးအစားတခုဖြစ်ပြီး အရိုးရှင်းဆုံးနှင့် အသုံးအများဆုံး Brace တမျိုးလဲဖြစ်ပါတယ်။ သတ္တုတုံး metal bracket နှင့် metal wire (သတ္တုကြိုး)တွေကို အသုံးပြုထားလို့ စကားပြောချိန်နှင့်ရယ်မောချိန်များတွင် ပါးစပ်ထဲ Braces တပ်ထားတာ နည်းနည်းသိသာသလို ခံစားနေရတက်ပါတယ်။ အချိန်ကြာတဲ့အခါ နေသာကျပြီး ပုံမှန်ဖြစ်သွားမှာဖြစ်ပါတယ်။


အားသာချက်

- စျေးနှုန်းသက်သာခြင်း

- အကြမ်းခံနိုင်ခြင်း


အားနည်းချက်

- သတ္တုတုံးလေးများကို ထင်ထင်ရှားရှားမြင်ရခြင်း

- တခါတလေ brackets များမှပါးစောင်စူးနိုင်ခြင်း


‘ Self-ligating braces “

Self-Ligating Braces အမျိုးအစားကတော့ O-rings ကဲ့သို့သော ရာဘာကွင်းလေးများတပ်ရန် မလိုအပ်ခြင်းနှင့် ဝါယာကြိုးများကို ချုပ်ထားနိုင်တဲ့ ချိတ်လေးတွေပါရှိပါတယ်။ ဝါယာကြိုး တွေကို ထိန်းချုပ်ရန် အဖွင့်အပိတ်ပြုလုပ်ရတဲ့ ထိန်းညှိခလုတ်ပါဝင်ခြင်းဖြစ်ပါတယ်။ self-ligating braces များတွင် သတ္တုရောင် သို့မဟုတ် အကြည်ရောင် ၂ မျိုးရှိပါတယ်။


အားသာချက်

- သွားများမြန်ဆန်စွာ ရွေ့ရလွယ်ကူခြင်း

- ဆေးခန်းရက်ချိန်းတလတခါ သွားစရာ မလိုအပ်ခြင်း


အားနည်းချက်

- သတ္တုတုံးရောင်တုံးလေးများကို ထင်ထင်ရှားရှားမြင်ရခြင်း

- အကြည်ရောင် အတုံးလေးတပ်ဆင်တဲ့အခါ ပဲ့လွယ်ခြင်း


‘ Ceramic braces “

Ceramic braces တွေဟာ Metal Brace နဲ့ နည်းပညာချင်းတူညီပါတယ်။ Metal Brace သတ္တုတုံးနေရာမှာ Ceramic braces အကြည်တုံး လေးများ တပ်ဆင်ပြီး ကုသခြင်း ဖြစ်ပါတယ်။ Metal Brace ထက်ကုန်ကျစရိတ် အနည်းငယ်ပိုများတက်ပါတယ်။


အားသာချက်

-အကြည်ရောင်အတုံးလေးများဖြစ်တဲ့ အတွက် အမြင်မသိသာခြင်း


အားနည်းချက်

-အကြည်ရောင် အတုံးလေးများဖြစ်လို့ ပဲ့နိုင်ခြင်း

-Plastic အတုံးဖြစ်လို့အကြမ်းခံနိုင်မှု အားနည်းခြင်း

There'll not be same with each other so you need consult with the doctor first.
Which braces is better ?

အထက်က ဖော်ပြခဲ့တဲ့ Braces အမျိုးအစား (3) ခု အပြင် အခြားရွေးချယ်စရာ Braces တွေလဲ ရှိသေးတာမို့လို့ ဘယ်အမျိုးအစားလေးက ကိုယ်နဲ့ သင့်တော်တဲ့ Braces အမျိုးအစားဖြစ်မလဲဆိုတာကို ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ 𝐉𝐚𝐬𝐦𝐢𝐧𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကျွမ်းကျင် Orthodontic Case ပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ သွားဆရာဝန်များနဲ့အခမဲ့ဆွေးနွေးတိုင်ပင်ပြီး သွားညှိကုသမှုခံယူနိုင်ပါပြီ။


ညီညာလှပတဲ့ အပြုံးပိုင်ရှင်ဖြစ်ဖို့ သွားညှိကုသကြပါစို့


သွားနှင့်ခံတွင်းပြဿနာများနှင့်ပတ်သက်ပြီး appointment ရယူလိုပါက -

☎️ 09970000966 ( သို့မဟုတ် ) 09978777777

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Hlaing Branch Google Map

https://maps.app.goo.gl/aLxQjvGenpJamb5q8


𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

𝐍𝐨.𝟑𝟕/𝐐𝐮𝐚𝐫𝐭𝐞𝐫, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝐇𝐚𝐧𝐭𝐡𝐚𝐫𝐰𝐚𝐝𝐝𝐲 𝐚𝐧𝐝 𝐊𝐲𝐮𝐧 𝐓𝐚𝐰 𝐑𝐨𝐚𝐝 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩,𝐘𝐚𝐧𝐠𝐨𝐧.

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Times City Branch Google Map

https://maps.app.goo.gl/aLxQjvGenpJamb5q8 #JasmineDentalCenter #bestdentalclinicinyanogn #braces #bracesteeth #bracespriceinmyanmar #bracessideeffect #bracesbeforeafter #toothache #toothachetreatment #teethpain #dentalclinicnearme #သွား #သွားဆေးခန်း #သွားညှိစက်တပ်ခြင်း #သွားညှိခြင်း

 
 
 

Comments


Location

Address

Hlaing Branch
218(The Century Building), Yangon - Insein Road, Near Than St Bus stop Hlaing Township ,Yangon

Time City Branch
No.(407) 37/Quarter, Between Hantharwaddy and Kyun Road, Kamayut Township, Yangon

Opening Hours

Opening everyday, 8:00 - 19:00

Contact

  • alt.text.label.Facebook
  • Instagram

09-978777777, 09-970 000 966

©2022 by Jasmine Dental Center

bottom of page